FAIR and interactive data graphics from a scientific knowledge graph
မာတိကာ
အလင်းသည် တိရစ္ဆာန်တို့၏ မျက်လုံးထဲရှိ အမြင်လွှာ (retina) ပေါ်သို့ ကျရောက်လျှင် ဦးနှောက်ထံသို့ ဆိုင်ရာ အချက်အလက်သတင်း ပေးပို့တတ်စေသော စွမ်းအင်များ ဖြစ်သည်။ ထို့ကြောင့် အရပ်စကားဖြင့်လျှင် မြင်ရသော အရာတို့ကို အလင်းဟု အချို့က မှတ်သားကြသည်။ ဇီဝဗေဒတွင် အလင်းသည် သက်ရှိတို့အဖို့ လှုံ့ဆော်ချက်တစ်မျိုး ဖြစ်လေသည်။
ရူပဗေဒအရ လူ့မျက်လုံးဖြင့် မြင်ရသော အလင်း (visible lights) များသည် လျှပ်စစ်သံလိုက်လှိုင်းအမျိုးမျိုးအနက် အချို့သော လျှပ်စစ်သံလိုက်လှိုင်းများ ဖြစ်သည်။ လျှပ်စစ်သံလိုက်လှိုင်း၏ သယ်ဆောင်သော စွမ်းအင်ပမာဏကို လိုက်၍ လူ့မျက်လုံးကို နှိုးဆော်ခြင်း မနှိုးဆော်ခြင်း ဖြစ်လေရာ မြင်ရခြင်း မမြင်ရခြင်း ရလဒ် ကွဲပြားသွားသည်။ သို့ဖြင့် အလင်းသည် လျှပ်စစ်သံလိုက်ဖြာထွက်မှု ဖြစ်ပြီး လျှပ်စစ်သံလိုက်ရောင်စဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ လူသားမျက်စေ့ဖြင့် မြင်နိုင်သော အလင်း၏ လှိုင်းအလျားသည် ၄၀၀ မှ ၇၀၀ နာနိုမီတာအတွင်း ရှိသည်။ ထို့ထက် လှိုင်းလျားပိုသွားသော လျှပ်စစ်သံလိုက်လှိုင်းတို့ကို အနီအောက်ရောင်ခြည်ဟု ခေါ်ပြီး ထို့ထက် လှိုင်းအလျား လျော့သွားသော လျှပ်စစ်သံလိုက်လှိုင်းတို့ကို ခရမ်းလွန်ရောင်ခြည်ဟု ခေါ်သည်။ လှိုင်းအလျားနှင့် ကြိမ်နှုန်းတို့ အစဉ်ဆက်စပ်မှု ရှိလေရာ လူတို့မြင်ရသော အလင်းရောင်၏ ကြိမ်နှုန်းမှာ ၄၃၀ မှ ၇၅၀ တာရာဟတ်ဇ်အတွင်း ရှိသည်။
အလင်းနှင့် လူတို့၏ပတ်ဝန်းကျင်
ကမ္ဘာပေါ်ရှိ အလင်းများ၏ အဓိကအရင်းအမြစ်မှာ နေ ဖြစ်သည်။ အစိမ်းရောင်ရှိသော အပင်များသည် နေအလင်းရောင်၏ စွမ်းအင်ကို သုံးပြီး အစာချက်လုပ်ကြသည်။ အခြားသက်ရှိတို့သည် အပင်များကို စားပြီး လှုပ်ရှားရန် စွမ်းအင်များ ရရှိကြသည်။ ဤသို့ အလင်းမှီအစာဖွဲ့မှု ကိုအခြေခံ၍ သက်ရှိများအတွက် လိုအပ်သည့် စွမ်းအင်များကို ရရှိကြသည်။
သမိုင်းကြောင်းအားဖြင့် လူသားတို့အတွက် လိုအပ်သောအလင်းရောင်ကို မီးမှရရှိသည်။ မီးဆိုရာတွင် ရှေးခတ်ကျောက်ခေတ်မှ မီးပုံများမှသည် ယနေ့ခေတ် ရေနံဆီမီးအိမ်များအထိ ပါဝင်သည်။ လျှပ်စစ်မီးကို တီထွင်ပြီးသောအခါ လျှပ်စစ်မီးအလင်းရောင်သည် သဘာဝမီးအလင်းရောင်များကို အစားထိုးနေရာယူလာသည်။ အချို့သော သက်ရှိများသည် ၎င်းတို့၏ ကိုယ်ပိုင်အလင်းရောင်ကို ထုတ်လွှတ်သည်။ ဥပမာ ပိုးစုန်းကြူးများသည် ၎င်းတို့၏ မိတ်လိုက်ဖော်ကို ရှာဖွေရန်အတွက် ကိုယ်ပိုင်အလင်းရောင်ကို ထုတ်လွှတ်သည်။
အလင်း၏ ရူပဗေဒ
အလင်းရောင်၏ အဓိက ဂုဏ်သတ္တိများမှာ ပြင်းအား(Intensity)၊ ဦးတည်ချက်လားရာ(Directoin)၊ ရောင်စဉ် ကြိမ်နှုန်း(Frequency)သို့မဟုတ် လှိုင်းအလျား(Wavelength)၊ လှိုင်းယိမ်းခြင်း(Polatization) စသည်တို့ဖြစ်သည်။ အခြား အခြေခံဂုဏ်သတ္တိတစ်ခုမှာ လေဟာနယ်တွင် အလင်း၏အလျင်သည် တစ်စက္ကန့်လျင် ၂၉၉ ၇၉၂ ၄၅၈ မီတာနှုန်းဖြစ်သည်။
ရူပဗေဒတွင် တစ်ခါတရံ၌ လူ့မျက်စေ့နှင့် မြင်နိုင်သည်ဖြစ်စေ မမြင်နိုင်သည်ဖြစ်စေ မည့်သည့်လှိုင်းအလျားမဆိုရှိသည့် လျှပ်စစ်သံလိုက်လှိုင်းအားလုံးကို အကြမ်းအားဖြင့် "အလင်း"ဟု ခြုံခေါ်တတ်သည်။ ဂမ္မာရောင်ခြည်၊ မိုက်ခရိုဝေ့ဗ်နှင့် ရေဒီယိုလှိုင်းအားလုံးသည်လည်း အလင်းလှိုင်းများဟု ယူဆသည်။ အလင်းမျိုးအစား အားလုံးကဲ့သို့ပင် မြင်နိုင်သော အလင်းသည်လည်း ဖိုတွန်ဟုခေါ်သည့် အထုပ်ငယ်လေးများကို ထုတ်လွှတ်ခြင်းဖြစ်သလို လှိုင်း နှင့် အမှုန်တို့၏ သဘောတရား နှစ်မျိုးလုံးကို ဆောင်သည်။ ၎င်း ဂုဏ်သတ္တိကို လှိုင်း-အမှုန်စုံတွဲမှု ဟုခေါ်သည်။ အလင်းကို လေ့လာသည့် ပညာရပ်သည် ခေတ်ပေါ်ရူပဗေဒတွင် အရေးပါသည့် သုတေသနနယ်ပယ်တစ်ခု ဖြစ်သည်။
အလင်း၏အလျင်
ရှေးယခင်က အလင်းသည် တမဟုတ်ခြင်း သွားလာသည်ဟုယူဆခဲ့ကြသည်။ အလင်းသည် အာကာသကို ဖြတ်သွားရာ၌ အချိန်ယူ၍ သွားကြောင်းကို ပထမဆုံးထုတ်ဖော်ပြောဆိုသူမှာ ဒိန်းလူမျိုး နက္ခတ်ဆရာ အိုလီ ရူးမား (၁၆၄၄-၁၇၁ဝ) ဖြစ်သည်။ သူသည် ယင်းအကြောင်း ကို ဂျူပီတာ (ကြာသပတေးဂြိုဟ်)၏ အရံဂြိုဟ်များ မှန်မှန် လှည့်ပတ်သွားလာရာ၌ အချိန်မညီညွတ်မှုများကို လေ့လာရာမှ တွေ့ရှိလာခြင်းဖြစ်သည်။ ဤအချိန် မညီညွတ်မှုများမှ အလင်းသည် အာကာသကို ဖြတ်၍ ကမ္ဘာမြေပေါ်သို့ လာလျက်ရှိကြောင်းကို တွေ့ရလေသည်။
နက္ခတ်ဆရာ ရူးမား ထုတ်ဖော်ပြောဆိုပြီးသည့် နောက်တွင်လည်း အလင်း၏အသွားနှုန်းကို အမျိုးမျိုး ခန့်မှန်းပြောဆိုခဲ့ကြ သည်။ သို့သော် ၁၉ ရာစုနှစ် အလယ်ပိုင်းသို့ ရောက်မှသာလျှင် မြေပြင်ပေါ်တွင် အလင်း၏အမြန်ကို တိကျစွာ တိုင်းတာ နိုင်လာခဲ့ကြသည်။ ယင်းတိုအနက် ပြင်သစ်ပါမောက္ခ အာမန် ဖီးဇိုး (၁၈၁၉-၁၈၉၆) ဆိုသူသည် ပထမဆုံးအောင်မြင်စွာ တိုင်းတာနိုင်ခဲ့သူဖြစ်သည်။ သူသည် မိမိ၏ မွေးဖွားရာ ဇာတိမြို့ဖြစ်သော ပါရစ်မြို့၌ တစ်နေရာနှင့်တစ်နေရာ ငါးမိုင်ကျော် ဝေးသော မျှော်စင်မြင့်နှစ်ခုကို ရွေးချယ်ပြီးလျှင် ပထမမျှော်စင်တွင် ဒုတိယမျှော်စင်ဘက်သို့ အလင်းရောင် ထိုးနေသော မှန်အိမ်တစ်ခုကိုထား၍ ဒုတိယ မျှော်စင်ပေါ်၌ကား ကြည့်မှန် တစ်ခုကို ထားသည်။ ကြည့်မှန်သည် မှန်အိမ်မှရသော အလင်းရောင်ကို ပထမ မျှော်စင်သို့ တိုက်ရိုက်ပြန့်ထွက်သွားနိုင်စေ သည်။ ခွေးသွားစိတ် ဘီးတစ်ခုကို မှန်အိမ်မှ ထွက်သော အလင်းတန်းတွင် ထားရှိသည်။ ထားရှိပုံမှာ ဘီးကိုရပ်ထား သည့်အခါ အလင်းတန်းသည် ခွေးသွားစိတ်နှစ်ခု ကြားသို့ပင် ကြည့်မှန်မှအလင်းရောင် ပြန်ဝင်လာအောင် ကျနစွာ စီမံပြုလုပ် ထားသည်။ ဘီးကို လျင်မြန်စွာ လှည့်ပေးလိုက်သည့်အခါ ဒုတိယမျှော်စင်ရှိ ကြည့်မှန်မှ ပြန်ထွက်လာသော အလင်းသည် ခွေးသွားစိတ် နှစ်ခုကြားသို့ ဝင်မလာပဲ ထိုကြားနေရာသို့ ခွေးသွားစိတ်တစ်ခု ရွေ့လာသည်ကို တွေ့ရသည်။ သို့ဖြင့် ကြည့်မှန်မှ ပြန်ထွက်လာသော အလင်းကို မတွေ့နိုင်တော့ပေ။ ပထမမျှော်စင်နှင့်ဒုတိယမျှော်စင် အသွားအပြန် ခရီးကို အလင်းသွားသည့်အချိန်သည် ကြားနေရာသို့ ခွေးသွားစိတ်တစ်ခုရွှေ့လာသည့်အချိန်ပင် ဖြစ်သည်။ ဘီးကို နှစ်ဆလှည့်ပေးလိုက်သည့်အခါ ဖီးဇိုးသည် ဒုတိယမျှော်စင်ရှိ ကြည့်မှန် ပြန်ထွက် လာသော အလင်းကို ကြားနေရာတွင် တစ်ဖန် မြင်နိုင်ပြန်သည်။ အဘယ်ကြောင့်ဆိုသော် ဒုတိယ ခွေးသွားစိတ်ကြား နေရာတစ်ခုသည် အလင်းမြင်နိုင်သော ပထမကြားနေရာသို့ ရွေ့လာသောကြောင့်ဖြစ်သည်။ စပီဒိုမီတာခေါ် အမြန်တိုင်း ကိရိယာကို ကြည့်ခြင်းအားဖြင့် ဘီးလည်သည့် အပတ်ပေါင်းကို သိနိုင်ပြီးလျှင် မျှော်စင်နှစ်ခုကြား အသွားအပြန်ခရီးကို အလင်း သွားသည့်အချိန်ကိုလည်း တွက်ချက်ယူနိုင်သည်။
ဤသို့တွက်ချက်ယူခြင်းအားဖြင့် အလင်းသည် အလွန် လျင်မြန်သောအဟုန်ဖြင့် တစ်စက္ကန့်လျှင် မိုင်ပေါင်း ၁၈၆ဝဝဝ ခန့်သွားကြောင်း တွေ့ရှိရသည်။ စင်စစ်အလင်းသည် ကမ္ဘာတွင် အမြန်ဆုံးသွားသောပစ္စည်းတစ်ခု ဖြစ်သည်။ သို့ဖြစ်ငြားသော် လည်း ကောင်းကင်တန်ဆာများသည် တစ်ခုနှင့်တစ်ခု အလွန့် အလွန် ဝေးကွာကြ သောကြောင့် အလင်းသည် ယင်းတို့ အကြားတွင် နှစ်နှင့်ချီ၍ သွားရလေသည်။ နေမှ အလင်းသည် မိုင်ပေါင်း ၉၃ သန်း ဝေးသော ကမ္ဘာသို့ရောက်အောင် ရှစ်မိနစ် ခန့်လာရ၍ အနီးဆုံး တည်မြဲကြယ်မှဆိုလျှင် လေးနှစ် ကျော် ခန့်မျှ လာရသည်။ ကောင်းကင်တွင် ကျွန်ုပ်တို့ အလင်းရရှိနေ သော ကြယ်ပေါင်း အမြောက်အမြား ရှိကြ၏။ ထိုကြယ်များမှ အလင်းသည် ကမ္ဘာသို့ နှစ်ထောင်ပေါင်းများစွာ ကြာအောင် လာကြရပေမည်။ ထိုအတောအတွင်း ဘာမဆိုဖြစ်နိုင်သည် ဖြစ်ရာ အချို့ကြယ်များသည် ကျွန်ုပ်တို့ထံသို့ ယင်း၏အလင်း ရောက်ချိန်တွင် ရှိချင်မှ ရှိတော့ပေမည်။ နက္ခတ်ဆရာများသည် ကြယ်များ၏ အလွန်ကြီးမားသည့် အကွာအဝေးကို အလင်းနှစ် ဖြင့် တိုင်းတာယူကြခြင်းဖြင့် နီးကပ်စွာ ခန့်မှန်းနိုင်ကြောင်း တွေ့ရလေသည်။
အလင်းပြန်ခြင်း
အလင်းသည် အလွန်လျင်မြန်စွာ သွားသည့်ပြင် ကြည့်မှန် များဖြင့်လည်း အလင်းပြန်စေနိုင်သေးသည်။ စင်စစ်အရာဝတ္ထု အားလုံးတို့သည် အနည်းအကျဉ်း အလင်းပြန်စေနိုင်ကြလေ သည်။ အဘယ်ကြောင့်ဆိုသော် အလင်းပြန်မှုကြောင့်ပင် ထို အရာဝတ္ထုများ၏ အရွယ်ပမာဏ၊ ပုံပန်းသဏ္ဌာန်နှင့်အရောင် အဆင်းကို ကျွန်ုပ်တို့ သိနိုင်ကြသည်။ အလင်းပြန်ပုံသည် ဘောလုံးတစ်လုံးနံရံမှ ပြန်ကန်ထွက်လာပုံနှင့် အလွန်တူသည်။ သိပ္ပံ နိယာမအရ ရိုက်လင်းတန်းတစ်ခုသည် ပြင်ညီကြည့်မှန် တစ်ချပ်ပေါ်သို့ ကျရောက်သောအခါ ရိုက်လင်းတန်း၊ မှန်မျဉ်း နှင့် ပြန်လင်းတန်းတို့သည် တစ်ခုတည်းသော ပြင်ညီတွင် တည်ရှိနေကြပြီးလျှင် ရိုက်ထောင့်နှင့် ပြန်ထောင့်တို့သည် ညီမျှ ကြသည်။ ဆိုလိုသည်မှာ လင်းတန်းတစ်ခုသည် ပြောင်လက် သော မျက်နှာပြင်ညီသို့ ဝင်ရာ၌ဝင်သည့် ထောင့်အတိုင်း ပြန် ထွက်သွားသည်ဟူ၏။ အရောင်ရှိသော အရာဝတ္ထုတစ်ခုသည် ဆွတ်ဆွတ်ဖြူသော အရာဝတ္ထုကဲ့သို့ အလင်းအားလုံးကို အလင်းမပြန်နိုင်ပဲ အချို့အရောင်ကို စုတ်ယူထားလိုက်သည်။ ပုံစံပြရလျှင် အဖြူအလင်းရောင်ထိုးထားသော အပြာရောင် အဝတ်စတစ်စသည် စပက်ထရမ် (ရောင်စဉ်)၏ အစိမ်းနှင့် အနီပိုင်းကို ပြန်ထွက်သဖြင့် ကြည့်သူအတွက် အပြာရောင်သာ တွေ့ရသည်။
အလင်းယိုင်ခြင်း
မှန်၊ သို့မဟုတ် ရေကဲ့သို့သော ဝတ္ထုပစ္စည်းများသည် လင်းတန်းများကို ဟန့်တားမှု မရှိစေပဲ တောက် လျှောက် ဖြတ်သန်းသွားစေသည်။ ဆိုလိုသည်မှာ လင်းတန်းများသည် မှန်၊ သို့မဟုတ် ရေကဲ့သို့သော ပစ္စည်းများတွင် တောက် လျှောက် ဖြတ်သန်းသွားနိုင်သည်။ ယင်းကဲ့သို့သော ပစ္စည်း များကို အလင်းပေါက်ပစ္စည်းဟု ခေါ်သည်။ အလင်းသည် ယင်းတို့တွင် အာကာသကို ဖြတ်သန်းသွားသကဲ့သို့ ဖြတ်သန်း သွားနိုင်သလောက် ရှိသည်။ စင်စစ်သော်ကား အလင်းသည် အလင်းပေါက်ပစ္စည်းများကို ဖြတ်သန်းသွားရာ၌ အာကာသကို ဖြတ်သန်းသွားသည်ထက် အနည်းငယ် နှေးသည်။ ယင်းနှေးမှု ကြောင့် လင်းတန်းများသည် အလင်းပေါက် ကြားခံပစ္စည်းများ တွင် ယိုင်သွားတတ်လေသည်။ ဤကဲ့သို့ အလင်းကောက်သွား ခြင်း၊ သို့မဟုတ် ယိုင်သွားခြင်းကို အလင်းယိုင်ခြင်းဟု ခေါ် သည်။
တုတ်ဖြောင့်ဖြောင့်တစ်ချောင်းကို ရေတွင် ထိုးသွင်းလိုက် သည့်အခါ တုတ်သည် ရေမျက်နှာပြင်တွင် ယိုင်သွားဘိသကဲ့ သို့ ထင်ရ၏။ အဘယ်ကြောင့်ဆိုသော် တုတ်မှ ပြန်ထွက်လာ သော အလင်းသည် ရေထဲမှ လေထဲသို့ ထွက်လာရာ၌ ယိုင် သွားသောကြောင့် ဖြစ်သည်။ မှန်သည်လည်း အလင်းကို ယိုင် စေသည်။ သို့သော်လည်း ပြတင်းပေါက်မှန်တွင် ထိုယိုင်မှုကို မတွေ့ရချေ။ အဘယ်ကြောင့်ဆိုသော် မှန်၏ အတွင်း အပြင် မျဉ်းပြိုင်မျက်နှာပြင်နှစ်ခုသည် အလင်းကို ဆန့်ကျင်ဘက်များ သို့ ယိုင်သွားစေသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ ဒုတိယ အလင်းယိုင်ခြင်းသည် ပထမအလင်းယိုင်ခြင်းကို ဖျက်လိုက် ခြင်းပင် ဖြစ်သည်။ ပရစ်ဇမ် (သုံးမြေ|ာင့်တုံး)နှင့် မှန်ဘီလူးများ ၏ မျက်နှာပြင်များသည်ကား မျဉ်းပြိုင်မဖြစ်သည့်ပြင် အစဉ် လည်း ပြားနေသည် မဟုတ်သောကြောင့် အလင်းယိုင်မှုသည် ယင်းတို့တွင် အလွန်ထင်ရှား၏။ ထိုကြောင့် မိုက္ကရိုစကုပ် (အဏုကြည့်မှန်ပြောင်း)၊ တယ်လီစကုပ် (အဝေးကြည့်မှန်ပြောင်း) မီးပြတိုက်မှန်အိမ်နှင့် ပရစ်ဇမ်စ ပက်ထရိုစကုပ်(ရောင်စဉ်ကြည့် ကိရိယာ)များတွင် ယင်းတို့ကိုထည့်၍ အသုံးပြုကြသည်။ အလင်းပြန်ခြင်းနှင့် အလင်းယိုင်ခြင်းများကို တစ်ဘက်ရှိ ပုံတွင် လက်တွေ့ ဖော်ပြထားသည်။ ရိုးရိုး လက်နှိပ်ဓာတ်မီး တစ်ခုကိုယူ၍ ပုံ(၁)တွင် ပြထားသည့်အတိုင်း အပေါက် သေးသေး ဖောက်ထားသော ကတ်ထူစက္ကူ ပြွန်တစ်ခုကို ထို လက်နှိပ်ဓာတ်မီးပေါ်တွင် ဖုံးလိုက်ပါ။ ထိုနောက် မှောင်ချ ထားသော အခန်းတစ်ခုသို့ ယူသွားပြီးလျှင် ကြည့်မှန်တစ်ခု ပေါ်တွင် မီးထိုးလိုက်ပါ။ မီးထိုးမှုကြောင့် ပြန်ထွက်လာသော ပြန်လင်းတန်းကို လေတွင် ဖုံမှုန့်ကလေးများ လွင့်နေခြင်းဖြင့် တွေ့နိုင်သည်။ သို့သော် မီးခိုး အနည်းငယ် မှုတ်သွင်းလိုက် သည့်အခါ ပြန်လင်းတန်းကို ပို၍ မြင်နိုင်သည်။ ကြည့်မှန်တွင် ရိုက်လင်းတန်းထိသည့်နေရာမှ မှန်မျဉ်းတစ်ခု (ပုံတွင် အစက် ကလေးများဖြင့် ပြထားသည်။) ထောင်နေသည်ဟု စိတ်တွင် မှတ်ထားပါ။ ဤမျဉ်းသည် လင်းတန်းနှစ်ခု၏ အလယ် တည့်တည့်တွင် အစဉ်ရှိနေရကား ရိုက်လင်းတန်းမှ ဖြစ်ပေါ် လာသော ထောင့်သည် ပြန်လင်းတန်းမှ ဖြစ်ပေါ်လာသော ထောင့်နှင့် ညီမျှပြီးလျှင် ထိုသုံးခုစလုံးသည် ပြင်ညီတစ်ခု ထဲတွင် တည်နေကြသည်။ ပုံ(၂) သည် ကြည့်မှန်ကို စောင်း လိုက်သည့်အခါ မည်သို့ ဖြစ်သွားကြောင်းကို ပြထားသည်။ ရိုက်ထောင့်နှင့် ပြန်ထောင့်တို့သည် ညီမျှလျက်ပင် ရှိကြသည်။ ပုံ(၃)သည် ကြည့်မှန်တစ်ခုတွင် ပစ္စည်းတစ်ခု၏ အလင်းပြန် ခြင်းကို မျက်စိဖြင့် မည်သို့ မြင်ရပုံကို ပြထားသည်။ သော့မှ လင်းတန်းများသည် ကြည့်မှန်တွင် ယိုင်သွားသောကြောင့် သော့ သည် ကြည့်မှန်၏နောက်တွင် ရှိနေဘိသကဲ့သို့ (အစက်မျဉ်း ကြောင်းဖြင့် ပြထားသည်။) ထင်ရသည်။
အလင်းယိုင်ခြင်းကို အထက်ပါ ကိရိယာများအပြင် ရေ အသင့်အတင့် ထည့်ထားသော လေးထောင့်ရေကန် ကလေး တစ်ခုဖြင့်လည်း စမ်းသပ်လေ့လာနိုင်သည်။ လင်းတန်းများကို ပိုမို ထင်ရှားစွာမြင်နိုင်ရန် ရေထဲသို့ နွားနို့ တစ်စက်နှစ်စက် လောက် ထည့်ပေးပါ။ ကြည့်မှန်တစ်ချပ်ကို ရေကန်အောက်တွင် ထားပြီးလျှင် ပုံ(၄)မှာကဲ့သို့ လက်နှိပ်ဓာတ်မီးဖြင့် ထိုး၍ လင်း တန်းလမ်းကို သတိပြုကြည့်ပါ။ ရေထဲသို့ လင်းတန်း ဝင်သည့် နေရာနှင့် ရေမှထွက်သည့်နေရာများတွင် မှန်မျဉ်းနှစ်ကြောင်းကို စိတ်ကူးဖြင့် ဆွဲကြည့်ပါ။ အလင်းသည် သိပ်သည်းမှုနည်းသော ကြားခံမှ သိပ်သည်းမှုများသော ကြားခံ (လေမှ ဖန်တုံးကဲ့သို့) ဖြတ်သွားသောအခါ ယင်းသည် မှန်မျဉ်းဘက်သို့ ယိုင်လာ သည်။ တစ်ဖန် သိပ်သည်းမှု များသောကြားခံမှ သိပ်သည်းမှု နည်းသောကြားခံသို့ ထွက်သွားသောအခါ (ဖန်တုံးမှ လေထဲ သို့) ယင်းသည် မှန်မျဉ်းမှ ဖယ်ခွာ ထွက်သွားသည်။ ဤကား အလင်းယိုင် နိယာမဖြစ်၍ ယင်း၏ သဘောကို ပုံ(၅)တွင် ရှင်းပြထားသည်။ အလင်းသည် သိပ်သည်းမှုနည်းသော ကြားခံ များမှာထက် သိပ်သည်းမှုများသော ကြားခံများထဲတွင် ပို၍ နှေးနှေးသွားကြောင်းကို သတိပြုရမည်။ ထိုကြောင့် လင်းတန်း သည် ရေမျက်နှာပြင်ကို စောင်းစောင်းဖြတ်သွားသောအခါ ရေ ကို ပထမဆုံးတွေ့ထိသည့် အပိုင်းသည် လေထဲတွင်ရှိသော အပိုင်းလောက် လျင်မြန်စွာ မသွားကြောင်း ထင်ရှားပေသည်။ လင်းတန်းသည် လေထဲသို့ ပြန်ထွက်သွားသောအခါ ပြောင်းပြန် ဖြစ် သွားပြန်သည်။
ရေအောက်တွင်ရှိသော ကြည့်မှန်ကို တဖြည်းဖြည်း စောင်း ပေးလိုက်လျှင် တစ်နေရာသို့ ရောက်သောအခါ လင်းတန်းသည် ရေထဲမှ ထွက်မလာနိုင်သည့်အခြေသို့ ရောက်ရှိသွားသည်ကို တွေ့ရပေမည်။ ပုံ(၆) မှန်မျဉ်းနှင့် ရေထဲရှိ လင်းတန်းအကြား တွင်ရှိသော ထောင့်ကို အခြေပြောင်းထောင့်ဟု ခေါ်သည်။ ပုံ(၇)တွင် ပြထားသည့်အတိုင်း ကြည့်မှန်ကို ထပ်၍ စောင်း ပေးလိုက်သည့်အခါ အခြေပြောင်းထောင့်သည် ပို၍ပင် ကြီး ပြီးလျှင် လင်းတန်းသည် တစ်ဖန် အလင်းပြန်လာသည်။ ဤ အလင်းပြန်လာခြင်းကို လုံးဝ အတွင်းအလင်းပြန်ခြင်းဟု ခေါ်သည်။ ဤသည်ကို အကြောင်းပြု၍ ကြည့်မှန်အစား ပုံ(၈)တွင် ပြထားသည့်အတိုင်း ပရစ်ဇမ် (သုံးမြေ|ာင့်ဖန်တုံး) ကို အသုံးပြုလေ့ရှိကြသည်။ ဖန်တွင် အခြေပြောင်းထောင့်သည် ၄၂ ဒီဂရီမျှရှိ၍ ပရစ်ဇမ်တွင် ရိုက် ထောင့်သည် ၄၅ ဒီဂရီရှိရာ လုံးဝ အတွင်းအလင်းပြန်ခြင်းကို ရရှိလေသည်။ ယင်းသို့ဖြစ်ရကား အလင်း၏ ဂုဏ်သတ္တိ အမျိုးမျိုးကို မည်သို့မည်ပုံ ဖော်ပြရမည်နည်း။ နယူတန်က အလင်းတွင် အသွားနှုန်း အလွန်လျင်မြန်သော မြူမှုန်များ ပါရှိ၍ ထိုမြူမှုန် များသည် ယင်းသို့ ဖြတ်သန်းသွားသည့် ကြားခံပစ္စည်းကို လိုက်၍ လျင်မြန်စွာ၊ သို့မဟုတ် နှေးကွေးစွာသွားသည်ဟု ယူဆသည်။ သို့ရာတွင် ဤအလင်းမြူ(မှုန်) သီအိုရီအရ အလင်းသည် မျက်နှာပြင်တစ်ခုတွင် အဘယ်ကြောင့် တစ်ခါ တစ်ရံ အလင်းပြန်၍ တစ်ခါတစ်ရံ အလင်းယိုင်ရသည်ကို ကျေနပ်လောက်အောင် ဖြေရှင်းမပေးနိုင်ချေ။ နယူတန်နှင့် တစ်ချိန်တည်းလောက်နေခဲ့သော သင်္ချာနှင့် သိပ္ပံဆရာကြီး ခရစ်စဘီယန်ဝှိုက်ဂင် (၁၆၂၉-၉၅)ဆိုသူသည် အလင်း၏ အမူအကျင့်ကို ဖြေရှင်းရာ၌ သီအိုရီတစ်မျိုးကို ထုတ်ဖော်ခဲ့ရာ ယုတ္တိရှိသဖြင့် များစွာ အောင်မြင်ခဲ့လေသည်။ ဝှိုက်ဂင်သည် တူးမြောင်းတစ်ခုတွင် ဖြစ်ပေါ်နေသော လှိုင်းရစ်ကလေးများကို စိုက်ကြည့်နေရာမှ အလင်းသည်လည်း ထိုလှိုင်းရစ်ကလေးများ နည်းတူ မူလနေရာမှ လှိုင်းရစ်များအသွင်ဖြင့် ပြန့်၍ပြန့်၍ ထွက်သွားပေလိမ့်မည်ဟု သိရှိလာလေသည်။ စင်စစ် အလင်း လှိုင်းသည် ရေလှိုင်းကဲ့သို့ အကောင်အထည် ပေါ်၍သွားခြင်း မဟုတ်ပေ။
လှိုင်းသဘာဝ
အသံလှိုင်းနှင့် ရေလှိုင်းကဲ့သို့သောလှိုင်းအား လုံးလောက် သည်ထောင့်များကို ကွေ့၍သွားနိုင်ကြသည်။ အကယ်၍သာ ထောင့်များကို ကွေ့၍ မသွားနိုင်ပါက ကျွန်ုပ်တို့သည် အသံကို အဆောက်အအုံတစ်ခု၏ အဘက်ဘက်မှ ကြားနိုင်မည် မဟုတ် ချေ။ သို့ရာတွင် အလင်းကား ထောင့်များကို လှည့်ပတ်ကွေ့၍ မသွားဘဲ တစ်ဖြောင့်တည်းသာသွားသည်။ အကြောင်းကား အလင်း၏လှိုင်းအလျားသည် အလွန်အမင်း တိုသောကြောင့် ဖြစ်သည်။ ဆိုဒီယမ်အလင်းရောင်ဟုခေါ်သော အဝါရောင် အလင်း၏လှိုင်းအလျားသည် တစ်မီလီတာ၏ အပုံတစ်သန်းတွင် ၅၇၉ ပုံမျှသာ ရှည်သည်။ ဤမျှ တိုလွန်းသော လှိုင်းအလျား ဖြင့် ထောင့်များကို လှည့်ပတ်ကွေ့မသွားနိုင်ချေ။ ကွေ့သွားနိုင် သည်ဆိုပါကလည်း အနည်းငယ်မျှသာ ကွေ့သွားနိုင်သည်။ ပိတ်ကားတစ်ခုပေါ်တွင် အလွန်သေးငယ်သော အလင်းရောင် တစ်ခုကို ထိုးထားပြီးလျှင် ထိုအလင်းရောင်ကို ကြားမှဖြတ်၍ အရိပ်စွန်း ဖြောင့်ဖြောင့်တစ်ခုထားလိုက်ပါက ပေါ်လာသော အရိပ်သည် ပြတ်သားထင်ရှားလိမ့်မည် မဟုတ်ပေ။ သို့သော် အစွန်းတွင် အမည်းနှင့် အဖြူစင်းကြောင်းများစွာ ဖြစ်ပေါ်လာ သည်ကို တွေ့ရသည်။ ဤသို့ ဖြစ်ပေါ်ခြင်း အကြောင်းကား အစွန်းတွင် အလင်းလှိုင်းများ ကွေ့သွားခြင်းကြောင့် ဖြစ်သည်။ အလင်းလှိုင်းများ၏ လှိုင်းအလျားကို တိုင်းနိုင်သည့် လှိုင်း ထပ်မီတာခေါ် လှပသော ကိရိယာတစ်ခုကို တီထွင်ထားပြီး ဖြစ်သည်။ ဤကိရိယာတွင် လှိုင်းအလျားချင်းမတူသော လင်း တန်းနှစ်ခုကို မှောင်သွားအောင် တစ်ခုနှင့်တစ်ခု ပူးပေးလိုက် နိုင်သည်။ ဆိုလိုသည်မှာ တစ်ခုကိုတစ်ခု ပျက်ပြယ်သွားစေ နိုင်သည်။ ဤသို့ ပြုလုပ်ခြင်းကို လှိုင်းထပ်ခြင်းဟု ခေါ်သည်။ သို့ဖြင့် အလင်းလှိုင်းနှစ်ခုကို လှိုင်းထပ်မီတာဖြင့် ပူးပေးလိုက် လျှင် လှိုင်းတစ်ခု၏ထိပ်သည် အခြားလှိုင်းတစ်ခု၏ခွက်ထဲသို့ ဝင်သွားရကား လှိုင်းတစ်ခုက အခြားလှိုင်းတစ်ခုကို နှောင့်ယှက် လိုက်သဖြင့် မှောင်သွားသောဟူ၏။ ဤကိရိယာဖြင့် အလွန်တို သော အလင်းလှိုင်း တစ်ခု၏ထိပ်နှင့် အခွက်ကြားရှိ အလျားကို တိကျစွာ တိုင်းတာနိုင်သည်။
အရောင်အသီးသီးတွင် လှိုင်းအလျား အမျိုးမျိုး ရှိကြ၏။ နျူတန်သည် ပရစ်ဇမ် (သုံးမြောင့်ဖန်တုံး) တစ်ခုထဲသို့ အဖြူ ရောင်အလင်းကို ထိုးသွင်းလိုက်ရာတွင် ရောင်စဉ်များ ကွဲထွက် လာလေသည်။ စင်စစ် နျူတန်သည် အလင်းကို လှိုင်းအလျား အမျိုးမျိုးရှိသော အရောင်အဖြစ်သို့ ခွဲထုတ်လိုက်ခြင်း ဖြစ် သည်။ အနီရောင်၏ လှိုင်းအလျားသည် ဝါရောင်လှိုင်း အလျားထက် သုံးပုံတစ်ပုံ ရှည်၍ ခရမ်းရောင် လှိုင်းအလျား ကား လေးပုံတစ်ပုံတို၏။ ယင်းသို့ အဖြူအလင်းရောင်မှ အပေါင်းပါ အရောင်များအဖြစ်သို့ ကွဲထွက်ခြင်းကို အရောင် ကွဲထွက်ခြင်းဟု ခေါ်သည်။
လှိုင်းယိမ်းခြင်း(Polarization)
လှိုင်းယိမ်းခြင်း ဟုခေါ်သော စိတ်ဝင်စားဖွယ်ရာ အလင်း၏ ဂုဏ်သတ္တိတစ်ခု ရှိသေး၏။ အလင်းတွင် လှိုင်းများသည် တစ်ဖက်တည်းသို့သာ သွားသော်လည်း ထိုလှိုင်းအသီးသီးတို့၏ တုန်ခါခြင်းများကား အဘက်ဘက်သို့ လှိုင်းသွားရာဘက်နှင့် ၉ဝံ ထောင့်မတ်ကျဖြင့် တုန်ခါလျက်ရှိကြသည်။ ဆိုလိုသည်မှာ လင်းတန်းတစ်ခုတွင် အဘက်ဘက်သို့ တုန်ခါလျက်ရှိသော လှိုင်းအမြောက်အမြား ရှိသော်လည်း ထိုတုန်ခါ ခြင်းများသည် လင်းတန်းသွားရာဘက်နှင့် အစဉ်ထောင့်မတ်ကျလျက် ရှိကြ သည်။ သို့သော် တစ်ခါတစ်ရံ ထိုအဘက်ဘက်သို့ တုန်ခါ လျက်ရှိကြသော လှိုင်းများကို တစ်ဖက်တည်းသို့သာ တုန်ခါ စေရန် လိုအပ်လာပေသည်။ ယင်းသို့ အဘက်ဘက်သို့ မဟုတ် ဘဲ မျက်နှာပြင် တစ်ခုတည်းသို့ တုန်ခါအောင် ပြုလုပ်လိုက် ခြင်းကို လှိုင်းယိမ်းခြင်း ခေါ်သည်။ အကြွပ်ကဲ့သို့သော အချို့ အလင်းပေါက် ခရစ္စတယ်မျိုးသည် အလင်း၏ အချို့ တုန်ခါခြင်းများကို ပိတ်ပင်လိုက်ပြီးလျှင် အလင်းသန့် သွား အောင် မျက်နှာပြင်တစ်ခုတည်းသို့သာ တုန်ခါစေလေသည်။ သို့ဖြင့် လင်းတန်းတစ်ခုသည် အကြွပ်ပါးပါးတစ်ချပ်ကို ဖြတ် သွားသောအခါ တုန်ခါခြင်းများသည် အဘက်ဘက်သို့ မတုန်ခါ တော့ဘဲ တစ်ဖက်တည်းသာ တုန်ခါလေသည်။
အလင်းကို အချို့ပစ္စည်းများတွင် ဖြတ်သန်းသွားစေ သောအခါ လှိုင်းယိမ်းခြင်းသည် အချို့က လက်ယာဘက်သို့ ယိမ်းသွားကြ၍ အချို့တွင်ကား လက်ဝဲဘက်သို့ ယိမ်းသွားကြသည်။ သို့ဖြင့် အချို့သကြားရည် များတွင် လှိုင်းယိမ်းခြင်းသည် လက်ယာဘက်သို့ လည်သွားရကား ယင်းကို လက်ယာရစ်လည်သကြားဟု ခေါ်သည်။ အချို့သကြား ရည်သည် လှိုင်းယိမ်းခြင်းကို ဝဲဘက်သို့ လည်စေသဖြင့် ယင်းကို ဝဲရစ်လည်သကြားဟု ခေါ်သည်။ ဓာတ်ခွဲခြင်းများတွင် ဤကဲ့သို့ သော ခွဲခြားမှုသည် အရေးကြီး၏။ အဘယ်ကြောင့်ဆိုသော် သကြားမော်လီကျူးများအတွင်းရှိ အက်တမ်များ၏ အစီအစဉ် များသည် ပုံသေနည်း အတူတူရှိကြသော်လည်း ဂုဏ်သတ္တိခြင်း မတူကြောင်းကို ပြသောကြောင့် ဖြစ်သည်။ ဤအခြင်းအရာများ ကို သိပ္ပံအကြောင်းရင်းခံ လုပ်ငန်းများစွာတွင် အသုံးပြုကြ သည်။ တွင်းထွက်ပါရဂူများသည် အလွန်ပါးသော ကျောက် ဖြတ်ပိုင်းများကို စစ်ဆေးကြည့်ရာ၌ ယင်းတို့ အသုံးပြုသော အဏုကြည့်မှန်ပြောင်း (မိုက္ကရိုစကုပ်)များတွင် လှိုင်းယိမ်းခြင်းကို ထည့်၍ အသုံးပြုကြသည်။ ဤသို့ အသုံးပြုခြင်းအားဖြင့် တွင်းထွက်ဖြတ်ပိုင်း အမျိုးမျိုးတို့၏ တည်ဆောက်ထားပုံ များသည် ထင်ထင်ရှားရှား ပေါ်ထွက်လာလေသည်။[၁]
ကိုးကား
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)