Effects of the storage conditions on the stability of natural and synthetic cannabis in biological matrices for forensic toxicology analysis: An update from the literature

လင့်ခ်များကို တည်းဖြတ်ရန်
Mass
A ၂ kg (၄.၄ lb) cast iron weight used for balances
ယေဘုယျ သင်္ကေတ
m
SI ယူနစ်ကီလိုဂရမ်
SI ဒိုင်မင်းရှင်း
Extensive?yes
Conserved?yes

ရူပဗေဒတွင် ဝတ္ထုတစ်ခု၏ ဒြပ်ထု ဆိုသည်မှာ ၎င်းဝတ္ထုအနေနှင့် အလျင်ပြောင်းနှုန်း (acceleration)ကို တောင့်ခံနိုင်မှု ပမာဏ ဟူသော စကေလာ တိုင်းဖွယ်ဖြစ်သည်။ ထို့ကြောင့် ဒြပ်ထုကြီးမားသော အရာတစ်ခု စတင်ရွေ့လျားအောင်၊ သို့မဟုတ် ရွေ့လျားမြဲ ဖြစ်နေလျင် ပိုမြန်အောင်၊ ပိုနှေးအောင်၊ ရပ်သွားအောင် ပြုလုပ်ရန် ပိုခက်ခဲမည်။ ဒြပ်ထုနည်းပါးသော အရာများ၏ လှုပ်ရှားမှု အခြေအနေကိုမူ အလွယ်တကူ ပြုလုပ်နိုင်ကြသည်။

တနည်းအားဖြင့် ဒြပ်ထုဆိုသည်မှာ အရာဝတ္ထုအပေါ် အားတစ်ခုသက်ရောက်သောအခါ ရွေ့လျားမှုကို ဆန့်ကျင်ခုခံသည့် အတိုင်းအတာ ဖြစ်သည်။[] အခြားအရာဝတ္ထုများဖြင့် အပြန်အလှန်ဒြပ်ဆွဲမှုအလျင်ပြောင်းနှုန်း သို့မဟုတ် [[ဦးတည်ချက်]ပြောင်းလဲခြင်းကို ဆန့်ကျင်ခုခံမှုနှင့် နှိုင်းရသီအိုရီအရ စနစ်တစ်ခု၏ ဒြပ်ထု-စွမ်းအင် ပါဝင်မှု စသည်တို့ဖြင့် တိုင်းတာဆုံးဖြတ်သည်။ ဒြပ်ထု၏ နိုင်ငံတကာစံယူနစ်မှာ ကီလိုဂရမ်ဖြစ်သည်။

ကျွန်ုပ်တို့သည် ဝတ္ထုတစ်ခု၏ ဒြပ်ထုကို အလေးချိန်ပြီး သတ်မှတ်တွက်ချက်လေ့ရှိသော်လည်း ဒြပ်ထုသည် အလေးချိန်နှင့် မတူညီပါ။ ဝတ္ထုတစ်ခု၏ အလေးချိန်သည် ဒြပ်ဆွဲအားနည်းသည့် လကမ္ဘာပေါ်တွင် သေးငယ်ပြီး၊ ဒြပ်ဆွဲအား ပိုများသည့် ကမ္ဘာပေါ်တွင် ပိုများမည်ဖြစ်သည်။ သို့သော်လည်း ၎င်းအရာဝတ္ထု၏ ဒြပ်ထုသည် ပြောင်းလဲခြင်းမရှိပါ။ အလေးချိန်သည် အားတစ်မျိုးဖြစ်ပြီး ဒြပ်ထုဆိုသည်မှာ (ဒြပ်ဆွဲအားဆွဲငင်မှုဖြင့်)၎င်းအားကိုဖြစ်စေသော ဂုဏ်သတ္တိဖြစ်သည်။

နျူတန်ပျိုး ရူပဗေဒတွင် ဒြပ်ထုဆိုသည်မှာ အရာဝတ္ထုတစ်ခုတွင်ပါဝင်သော ဒြပ်(mass)ပမာဏဟု ယေဘုယျအားဖြင့်သတ်မှတ်နိုင်သည်။ သို့သော် ထူးရှားနှိုင်းရသီအိုရီက ပြဆိုသည်မှာ အလွန်မြင့်မားသည့်အရှိန်ဖြင့် ရွေ့လျားသည့်အခါ သို့မဟုတ် အက်တမ်အောက်အမှုန်လောကတွင် စွမ်းအင်သည် ဒြပ်ထု၏ ထပ်တိုးအရင်းအမြစ် တစ်ခုဖြစ်သည်။ ထို့ကြောင့် ရပ်တန့်နေသည့် မည်သည့်ဒြပ်ထုတူညီသော အရာဝတ္ထုများတွင်မဆို တူညီသော စွမ်းအင်ပမာဏရှိပြီး စွမ်းအင်ပုံစံအားလုံးသည် အားနှင့် ဒြပ်ဆွဲအားများကြောင့် အရှိန်ဖြစ်ပေါ်ခြင်းကို ဆန့်ကျင်ခုခံလိုသည့် သဘောရှိသည်။ သိပ္ပံပညာတွင် ဒြပ် ဆိုသည်မှာ မတိကျသည့် စကားလုံးဖြစ်ပြီး တိတိကျကျတိုင်းတာ၍ မရနိုင်ပါ။


ကိုးကား