Effects of the storage conditions on the stability of natural and synthetic cannabis in biological matrices for forensic toxicology analysis: An update from the literature

ခွာပါ နို့တိုက်သတ္တဝါ
Temporal range: Paleocene–present
အပေါ်မှ ဘယ်ဖက်ကပ်လျက်အတိုင်း: သစ်ကုလားအုတ်, plains bison, dromedary, red deer, တောဝက်, အော်ကာ (စီတက်ဆီယာ), မြင်းကျား, အိန္ဒိယကြံ့, and ကြံ့သူတော်.
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
Clade: Ferungulata
Clade: Ungulata
လင်းနီးယပ်၊ ၁၇၆၆
မျိုးစဉ်များ နှင့် မျိုးရိုးတူအုပ်စုများ

ခွာပါ နို့တိုက်သတ္တဝါများ (အင်္ဂလိပ်: Ungulates - "ခွာရှိသော တိရစ္ဆာန်" ဟုအဓိပ္ပာယ်ရ) သည် နို့တိုက်သတ္တဝါ အုပ်စုများ အစုအဖွဲ့ဖြစ်သည်။ အများစုမှာ ရွေ့လျားနေစဉ်တွင် ၎င်းတို့၏ ခန္ဓာကိုယ်အလေးချိန်ကို ထောက်ပံ့ပေးရန်အတွက် ၎င်းတို့၏ ခြေချောင်းထိပ်/လက်ချောင်းထိပ်များတွင် ခွာများပါရှိကြသည်။

ဤအသုံးအနှုန်းအနေဖြင့် အကျုံးဝင်သော "ခွာပါ နို့တိုက်သတ္တဝါ"ထဲမှ စီတက်ဆီယာများ (ဝေလငါးများ၊ လင်းပိုင်များ၊ porpoises) ကို ဖယ်ထုတ်ထားလေ့ရှိပြီး အကြောင်းရင်းမှာ ၎င်းတို့တွင် ခွာပါ နို့တိုက်သတ္တဝါများ၏ ပုံမှန် ရုပ်ပုံသွင်ပြင်လက္ခဏာအများစုမရှိသောကြောင့်ဖြစ်သည်။ သို့သော်လည်း မကြာသေးမီက ရှာဖွေတွေ့ရှိချက်များအရ စီတက်ဆီယာသည် အစောပိုင်း ခွာစုံပါသော တိရစ္ဆာန်များမှ ဆင်းသက်လာကြောင်း ပြသနေသည်။[]

ခွာပါ နို့တိုက်သတ္တဝါများသည် ပုံမှန်အားဖြင့် အသီးအရွက်စားများသာဖြစ်ပြီး အများစုသည် ဆဲလျူလို့ကိုချေဖျက်ရန်အတွက် အထူးပြုထားသော အူများဖြင့် အစာချေဖျက်ကြသည်။ ဝက်ကဲ့သို့သော ခေတ်သစ်မျိုးစိတ်အချို့မှာ အစုံစားသတ္တဝါများဖြစ်ကြသည်။ Mesonychia ကဲ့သို့သော သမိုင်းမတင်မီက မျိုးစိတ်အချို့မှာမူ အသားစားများဖြစ်ကြသည်။

ခွာပါ နို့တိုက်သတ္တဝါများတွင် မြင်းများ၊ ကြံ့များနှင့် ကြံ့သူတော်များ ကဲ့သို့သော ခွာမစုံသော တိရစ္ဆာန်များနှင့် ကျွဲနွားဝက်သစ်ကုလားအုတ်များကုလားအုတ်များ၊ သိုးသမင် နှင့် ရေမြင်းတို့ကဲ့သို့သော ခွာစုံပါသော တိရစ္ဆာန်များပါဝင်သည်။ စီတက်ဆီယာများသည် ခွာဖြင့် ခြေ/လက်များ မပါရှိသော်လည်း ခွာစုံပါသော တိရစ္ဆာန်များပင်ဖြစ်ကြသည်။

ကိုးကား

ဆက်စပ် စာမျက်နှာများ